ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကိုဗစ်ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၁

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ လတ်တလောအသက် ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်ပပျောက်စေရေး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်မှစီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဋ္ဌာနမှ ကျန်းမာရေးဦးစီးဋ္ဌာနမှူးနှင့် ကျန်းမာရေးသူနာပြု ဆရာ/‌ ဆရာမများ ကျန်းမာရေး ဝန်ထမ်းများ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စု ကျေးရွာများမှ ရဟန်းသံဃာတော်များ သီလ ရှင်များအသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ နိုင်ငံ့ ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့များမှစေတနာ့ဝန်ထမ်းများ ဈေးသူဈေးသားများနှင့် ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူများအား ပထမဦးစားပေးအလိုက် ကာကွယ်ဆေးများရရှိလာမှုအ‌ပေါ်မူတည်၍ လစဉ်ထိုးနှံဆောင်ရွက်ပေး နိုင်ခဲ့ပြီးဖြစ်သည်။

 

 

အဆိုပါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ဒေသခံ တိုင်းရင်းသားမိဘပြည်သူများ အားလုံး မကျန်ရှိစေရေး ဆက်လက်ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှစီမံဆောင်ရွက် လျက်ရှိပြီး ယခုအကြိမ်၌ ကာကွယ်ဆေး အလုံးရေ(၂၀၀၀) လက်ခံရရှိခဲ့ပြီး လူဦးရေ(၄၀၀၀)ဦးအား ဆက်လက် ထိုးနှံပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ကြာအင်းဆိပ်ကြီး မြို့ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဇမိခန်းမှ၌ ထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများနှင့် ကျေးရွာ အုပ် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများမှလည်း အလေးအနက်ထားလာရောက်ထိုးနှံလျက်ရှိပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဋ္ဌာနမှ ကျန်းမာရေးဦးစီးဋ္ဌာနမှူးမှ အနီးကပ်ကြီးကာ သူနာပြုဆရာ ဆရာမများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စု ကျေးရွာများ တွင်လည်း ကာကွယ်ဆေးထိုးနှံခြင်းဋ္ဌာနများ စုရပ်များဖွင့် လှစ်၍ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ဧပြီလအတွင်းမှ စတင်၍ထိုးနှံဆောင်ရွက်ခဲ့ စက်တင်ဘာလ တတိယအပါတ်အထိ လူဦးရေစုစုပေါင်း(၆၅၀၀)ဦးကျော်ခန့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

မျိုးမင်းဦး