သတင်းများ

ပန်းတောင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.ကကျောင်း၌ ယနေ့​နံနက် ၉နာရီ အချိန်က စတင်၍ ပန်းတောင်းမြို့နယ်​အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့်​​ကျေးရွာအုပ်စု (၇)အုပ်စုမှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခိုလမ်မြို့ ရပ်ကွက် (၃)ခုမှ အသက်-၁၈ နှစ်အထက်ပြည်သူတို့အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ခြင်းကို မြို့ပေါ်ရပ်ကွက်(၁) /(၂)/(၃) ခု အတွင်းရှိအသက် ၁၈ -နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်( ၉)နာရီ မှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။        
အငြိမ်းစားဝန်ထမ်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဆန်တစ်ပြည် ငွေကျပ် (၁၀၀၀ )နှင့် ကြက်ဥ တစ်လုံးကို ငွေကျပ် (၁၀၀)နှုန်းဖြင့် လာရောက်ရောင်းချပေး
Sep 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အငြိမ်းစား ဝန်ထမ်းများနှင့် ပြည်သူများမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့့်် ယနေ့ နံနက် ၉ နာရီ အချိန်က မနောသုခ ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင်နှင့် ကြက်ဥ တစ်လုံး ကို ငွေကျပ် တစ်ရာနှုန်းဖြင့် အမှတ် (၃)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတုတ္ထအသုတ် ပထအကြိမ်ကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင်  ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။
မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၌  အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ (၅)ရက်တာ ပဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Sep 21,2021
မော်လမြိုင်မြို့၊ကျက်သရေဆောင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး အန္တရာယ်ကင်းအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်  ပဌာန်းသိမ်းအောင်ပွဲမင်္ဂလာ  အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ရင်ပြင်တော် ပဌာန်းဓမ္မာရုံ၌ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များတက်ရောက်သည်။ 
ကွတ်ခိုင်မြို့နယ်အတွင်းရှိအဘိုးအဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက ်အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၉ ရက် နေ့မှစ၍ ဘိုးဘွားများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးလျက်ကြောင်း သိရသည်။
ကျွန်းလှမြို့၌ မိုးလုံလေလုံ အားကစားရုံတည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ဘူးသီးတောင်-ရသေ့တောင်-စစ်တွေမြို့များသို့ ပြေးဆွဲလျက်ရှိသည့်ရွှေပြည်တန် အမြန်ရေယာဥ်မှာကိုဗစ်-၁၉ ရောဂါကြောင့်ခေတ္တရပ်နားထားခဲ့ရာမှ ပြန်လည်ပုံမှန်ပြေးဆွဲလျက်ရှိ
Sep 21,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-ရသေ့တောင်-စစ်တွေမြို့များသို့ ပြေးဆွဲလျက်ရှိသည့်ပုဂ္ဂလိကပိုင် ရွှေပြည်တန် အမြန်ရေ ယာဉ်မှာ လက်ရှိဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့်၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ခေတ္တရပ်နားထားခဲ့ရာမှ  ယနေ့နံနက်(၇) နာရီအချိန်က ဘူးသီးတောင်မြို့မှ ရသေ့တောင်-စစ်တွေမြို့သို့ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ပြန်လည် ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။