သတင်းများ

ပန်းတနော်၌ မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အမျိုးသမီး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးမိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 22,2021
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ကြီးကြပ်၍ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်း များက ယနေ့ နံနက် ၉ နာရီအချိန်က လက်ခုတ်တန်း ရပ်ကွက် မြို့မနှစ်ချင်းကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ အသက် (၅၅) နှစ်အထက်ပြည်သူများနှင့် အသက်(၁၈)နှစ်အထက် မသန်စွမ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံး ချမ်းသာသာသနာ့ဗိမာန်တွင် ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် (၆)မြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး
Sep 22,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်များနှင့်အညီ အသက်(၁၈)နှစ်အထက် မသန်စွမ်းသူများနှင့်(၅၅)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး၊ Sinopharm ကို တတိယအသုတ်၊ ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး ခြင်းကို မြို့နယ်အတွင်းရှိ စုရပ်(၆)နေရာတို့တွင်(၅)ရက်မြောက်နေ့အဖြစ် ယနေ့၊ နံနက်(၉) နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
ပုသိမ်မြို့ ပေါက်ကုန်းကျေးရွာအုပ်စု၌ ပထမအကြိမ် ကိုယ်ဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 22,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု ၊ဘုရားကြီးကုန်းကျေးရွာ ဓမ္မဗိမာန်တန်ဆောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် အသက်(၅၅)နှစ်နှင့်အထက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ဒုတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂) ရက်အတွင်း (၁၆၅၁) ဦးရှိ
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သာသနာပြုပုဂ္ဂိုလ်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်း သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ အငြိမ်းစားပင်စင် လစာငွေများ ထုတ်ပေး
Sep 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြန်မာ့စီးပွားရေး ဘဏ်၌ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းများနှင့်အညီ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးခဲ့ကြောင်းသိရသည်။
ဂွမြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး
Sep 22,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ စုရပ်(၃)ခုတွင် သံဃာတော်များ၊အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ကိုတတိယနေ့အဖြစ် ထိုးနှံပေး ခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။