ကျိန္တလီမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယနေ့ဆက်လက်ထိုးနှံပေးလျက်ရှိ

 

ကျိန္တလီ စက်တင်ဘာ ၂၁

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ ၌ အသက်(၅၅)နှစ်အထက်ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်မှပြည်သူများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာနေရာသို့ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းလွင် နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ရောက်ရှိလာသော  ပြည်သူများအား ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် ကျိန္တလီမြို့အနေဖြင့် ကာကွယ်ဆေး အလုံးရေ(၂၂၀)လုံးရရှိထားပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့်ထိုးနှံပေးသွားမည်ဖြစ်ပြီး အမှတ်(၂) ရပ်ကွက်မှ အသက်(၅၅)နှစ်အထက်ပြည်သူ(၃၂၀)ဦး ၊ ယခင်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိ နေသော အသက်(၆၅)နှစ်အထက်ပြည်သူ(၃၆၁)ဦးတို့မှ ကာကွယ်ဆေးထိုးရန်ရောက်ရှိလာသောပြည်သူများကို လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တိုကင်နံပါတ်များဖြင့်စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်းပြည်သူ(၆၈၁)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျိန္တလီမြို့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိ ရသည်။

 

ခိုင်မိုးမင်း(ပြန်/ဆက်)