သာစည်မြို့နယ်၌ အလုပ်ဌာနများမှ အလုပ်သမား ၁၂၄၈ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 22,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အလုပ်ဌာနများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၇ ရက် မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သာစည်မြို့နယ် စည်ပင်ခန်းမ၊ ရွှေတုတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။