သတင်းများ

သာကေတမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ၁၂နာရီအချိန်၌ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြသည်။
လက်ပံတန်း၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေမျာ ဆွေးနွေးပို့ချ
Nov 18,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချခြင်းကို ယမန်နေ့ နံနက်  ၁၀ နာရီက (၂) လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 18,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများ ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်သည်။
မိုးညိုမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်
Nov 18,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ပထမနှစ် တက်‌ရောက်မည့် ပေါင်းတည်မှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနေမှုများအား ကြည့်ရှုအားပေး
Nov 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ တက္ကသိုလ်ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ (ယာယီကြိုတင်မဲရုံ) တွင် ဆန္ဒပြုမဲပေးခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ
Nov 18,2025
ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးရုံး အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ်(၅/၂၀၂၅)ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ချောင်းဝကျေးရွာ၌ ကျင်းပခဲ့သည်။
နတ်တလင်းမြို့၌ အထွက်ကောင်းအရည်အသွေးကောင်း ရေဆင်းပေါ်ဆန်း-၁နှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးများ မျိုးသန့်ပွားစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှု
Nov 18,2025
စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးချိန်ရာသီတွင် ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တောင်သူ ဦးရဲမြင့်၏ လယ်တွင်စိုက်ပျိုးထားသော ‌အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးဖြစ်သည့် ရေဆင်းပေါ်ဆန်း-၁ စပါးမျိုး (၁) ဧကနှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး (၁)ဧက မျိုးသန့်ပွားစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။