သတင်းများ

မုဒုံမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 20,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက်နေ့က မုဒုံမြို့နယ် ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်္ဃန်းကျွန်းခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ကြက်ဥများရောင်းချပေး
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းအတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ဦးဆောင်စီစဉ်မှုဖြင့် မြန်မာနိုင်ငံကြက်ဥ၊ ဘဲဥရောင်းချသူများအသင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် သက်သာသောစျေးနှုန်းဖြင့် ကြက်ဥများကို ရောင်းချပေးခဲ့ကြသည်။
ဓနုဖြူမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျ ရောက်ပါက အမြန်ဆုံးတုံ့ပြန် ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း လုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှု များကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများ ပေးအပ်
Jul 20,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများ ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
တိုက်ကြီးမြို့နယ် စိုင်တမော့ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်း
Jul 20,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေး မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီ အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကတိုင်စိန်ကျေးရွာအုပ်စု စိုင်တမော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ် ဧဝရတ် (ကိုယ်ပိုင်ကျောင်း) တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 20,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဧဝရတ် (ကိုယ်ပိုင်အထက်တန်းကျောင်း) တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။