ကြို့ပင်ကောက်မြို့၌ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်

ကြို့ပင်ကောက် ဇူလိုင် ၂၀

ပဲခူးတိုင်း‌‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းအား ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သတင်းဗီဒီယိုရိုက်ကူးနည်းနှင့် တည်းဖြတ်နည်း နှစ်ပိုင်းခွဲ၍ ကျွမ်းကျင် ၂ ဓါတ်ပုံ ဝန်ထမ်း ဦးဇေယျာထွန်းက စာတွေ့လက်တွေ့ သင်ကြားခဲ့ကြောင်း သင်တန်းသားများအနေဖြင့် မိမိတို့ရုံးဌာနများ၏ ရုပ်သံသတင်းအတိုများ ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်နိုင်စေရန်ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ပြောသည်။

သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းအား ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအချိန်အထိ သင်တန်းသား ၁၈ ဦးအား သင်ကြားပေးခဲ့ပြီး သင်တန်းသားများအား နံရံကပ်စာစောင်ပြသခြင်း စာအုပ်ပြပွဲများပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)