ကော့မှူးမြို့နယ် မူလွန်(လက်ခိုက်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ကော့မှူး  ဇူလိုင်  ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လက်ခိုက်‌ကျေးရွာ မူလွန်(လက်ခိုက်)ကျောင်း ၌ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများကို လည်းလေ့လာဖတ်ရှုကြရန်၊ စာမှန်မှန်ဖတ်တဲ့လူတွေဟာ သူတို့ရဲ့ဘဝကို တစ်စတစ်စတိုးတက် ကောင်းမွန်အောင် ပြောင်းလဲနိုင်ကြစမြဲဖြစ်ကြောင်း၊ စာမဖတ်တဲ့သူကတော့ အသက်မွေးဝမ်းကျောင်း ဘာပဲလုပ်လုပ် ကြီးပွားတိုးတက်လောက်အောင် အမြော်အမြင်၊ အကြံကောင်း၊ ဉာဏ်ကောင်းမရ နိုင်ပါကြောင်း၊ အသိအမြင်ဗဟုသုတဆိုတာ စွမ်းအင်တစ်မျိုး၊ စွမ်းအင်ကိုနှိုးဆော်တဲ့အရ ာဖြစ်ကြောင်း၊ စာဖတ်လေလေတိုးတက်လေလေဖြစ်ကြောင်းနှင့် စာပေနှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံစာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ