သတင်းများ

အိမ်မဲမြို့တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ကျင်းပသည့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်မှု အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jul 21,2026
ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီခွဲက အစိုးရစက်မှု လက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းခန်းမ၌ ကျင်းပသည်။
ကျောင်းကုန်းမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲကို ယမန်နေ့‌ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မီလျံနာရွှေဆိုင်လုယက်ခံရ
Jul 21,2026
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်( ၃)ရပ်ကွက်၊ ၁၁၀လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ မီလျံနာရွှေဆိုင်တွင် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ဧရာပဒေသာ စပါးမျိုးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ကျကွင်းဆင်းဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူးတို့နှင့်အတူ ကျောက်ဆည်မြို့နယ် ငါးလုံကုန်းကျေးရွာ ငါးလုံကုန်း စိုက်ပျိုးရေးနှင့်အထွေထွေသမအသင်းသားတောင်သူ ဦးအောင်ဝင်း၏ ဧရာပဒေသာစပါးမျိုး မိုးစပါး စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင် ၂၀ ရက်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် မူးယစ်‌ဆေးဝါး အသိပညာ​ပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပ
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ မူးယစ်‌ဆေးဝါးပညာ​ပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၌ ကာရာအိုကေ(KTV)ဆိုင်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်စေရေး မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Jul 21,2026
ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကာရာအိုကေ (KTV) ဆိုင်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်စေရေး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၀ ရက်၊ ည ၈ နာရီခွဲက မြို့နယ်အတွင်းရှိဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။