စေတုတ္တရာမြို့နယ်၌ အခြေခံအရေးပေါ်လူနာရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်
Nov 18,2025
စေတုတ္တရာမြို့နယ်၌ ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာများ ရရှိပါကမှန်ကန်သော ရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ချင်းပြုစုစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံအရေးပေါ်လူနာရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်သည်။