သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နန့်ကွေ့ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းမျိုးနွယ်စုများ ယာယီနေရပ်စွန့်ခွာမိသားစုများ ပြောင်းရွှေ့နေရာချထားနိုင်ရေး သွားရောက်တွေ့ဆုံ
Jul 21,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် မိုးရေသည် ၁၈၄ မီလီမီတာ (၇ ဒဿမ ၂၄) လက်မအထိ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နန့်ကွေ့ချောင်းရေမြင့်တက်လာပြီး အဆိုပါနန်းကွေ့ချောင်းဘေးရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်း ယာယီနေအိမ် အဆောက်အအုံများအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပြောင်းရွေ့ နေထိုင်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းက အဆိုပါမိသားစုများအား သွားရောက်တွေ့ဆုံအားပေးသည်။
မြောင်းမြမြို့တွင် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ (၂၀) ရက် နေ့ နံနက် (၈း၀၀) နာရီက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့နံနက်ပိုင်းကစတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။
ဇလွန်မြို့နယ်၌ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရဲတပ်ဖွဲမှ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ. က (၂)မြို့မကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း(လွန်) ကျောင်း(မြို့မတောင်)တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။
ဟုမ္မလင်းမြို့၌ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက(ဆို၊က၊ရေး၊ တီး) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှု အသင်းမှကြီးမှူးကျင်းပ၍ ရုမ်းရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိမ်းသိမ်းမြှင့်တင်ရေး ရုမ်းလူငယ်များ အသင်းမှ သင်ကြားပေးသောရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊က၊ရေး၊တီး)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုး၊
ကျိုက်လတ်မြို့တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ကျင်းပသည့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာ‌ပေး ဟောပြောပွဲကျင်းပ
Jul 21,2026
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။