ဒေးဒရဲမြို့နယ် သဲကုန်းကျေးရွာ၌ ဥပဒေရေးရာ အသိပညာပေး ဟောပြော
Nov 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး ရည်ရွယ်၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကျေးရွာအခြေပြု အသိပညာပေး ဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက သဲကုန်းကျေးရွာအုပ်စု ကျောင်းကြီးဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။