သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိ လူနာ၏ နေအိမ်ပတ်ဝန်းကျင်အား အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ပိုးတွေ့ရှိလူနာ၏ နေအိမ်နှင့် ပတ်ဝန်းကျင်အိမ်များအား အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသည့် လူနာ၏နေအိမ်နှင့် နေအိမ်ဝန်းကျင်တို့၌ ကွင်းဆင်းကာ ရေတွင်းရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)