သံတောင်မြို့တွင် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
Nov 18,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။ သံတောင်မြို့ရှိဒေသခံပြည်သူများမှာလည်း အဓိကအားဖြင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြသည်။ ယခုအချိန်တွင် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သောတောင်သူများသည် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပြီး လိုအားကောင်းကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။