ချောင်းဆုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်

ချောင်းဆုံ  ဇူလိုင်  ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများကို  အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရန် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၀)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကြီးကြပ်ရေးအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပြီး သင်တန်းကိုဖွင့်လှစ်ပို့ချရာ မြို့နယ်ဥပဒေအရာရှိ ဒေါ်လှိုင်သဇင်ဦးက သင်တန်းနည်းပြအဖြစ် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများကို  အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆွေးနွေးပို့ချခဲ့ရာ ရပ်ကွက်၊ ကျေးရွာများမှ ကြီးကြပ်ရေးအဖွဲ့ဝင် (၄၅)ဦးနှင့် စာရေးများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)