သတင်းများ

မိတ္ထီလာမြို့နယ်၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆေးမျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆေးမျိုးစုံအရောင်းဆိုင်များအား ဇူလိုင် ၂၀ ရက်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း အခမ်းအနား ပြုလုပ်
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဈေးချိုရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကုသရေးဦးစီးဌာနနှင့် Natural Mountain နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကို ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်၊ စေတနာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ် (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား အများပြည်သူ တိုက်ရိုက်အကျိုးရှိစေရေးစိစစ်ဆောင်ရွက်
Jul 20,2026
ရခိုင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး
Jul 20,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမက(၁၃) ကျောင်းတွင် ပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ဖြင့် ဆေးကုသနေမှုနှင့် စိုက်ပျိုး‌ရေးဦးစီးဌာန ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားရှိမှုအားသွားရောက် ကြည့်ရှု
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများအား ကျန်းမာရေး‌စောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီက အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်လှစ်ပို့ချ
Jul 20,2026
မန္တလေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၀ရက် နံနက်ပိုင်းက မန္တလေးပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂) ကျွေးရွာရှိ ကျေးရွာပိုင်အဆောက်အဦး၌ ကျင်းပသည်။
ကရင်ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အမှတ်စဉ်(၁၆)ဒီပလိုမာလက်မှတ်အပ်နှင်းပွဲနှင့်အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကျင်းပ
Jul 20,2026
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကရင်ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ အမှတ်စဉ်(၁၆) ဒီပလိုမာလက်မှတ်အပ်နှင်းပွဲနှင့် အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။