သတင်းများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
Nov 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပသည်။
မိုင်းဆတ်မြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Nov 18,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့်  အဆိုပါနေ့ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဉပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၉ နာရီက ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌  မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့ပေါ်ရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်စိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေး
Nov 18,2025
၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စစ်မှန်သောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ ပြည်သူများတရားမျှတပြီး လွတ်လပ်စွာမဲပေးပိုင်ခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိမှသာ မဲပေးပိုင်ခွင့်ရရှိနိုင်ရန်အတွက် နိုဝင်ဘာ (၁၇) ရက် နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့၌ "ခရမ်းချဉ်သီး” စျေးများအနည်းငယ် ပြန်တက်လာ၍ ရောင်းချသူများအဆင်ပြေ
Nov 18,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ် ပြန်တက်လာကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။
ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 18,2025
မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်၌ တက္ကသိုလ်ကျောင်းတက်မည့် ကျောင်းသား/ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးစေခြင်းများ ဆောင်ရွက်ပေး
Nov 18,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တက္ကသိုလ်ကျောင်းတက်မည့် ကျောင်းသား/ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးစေခြင်းများကို ယ‎မန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦး‎စီးဌာန အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြော
Nov 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။