သထုံ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟိန်းဇော်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ရာဘာမှိုင်းခံရုံများမှ သီးသန့်သင်တန်းသား ၃၅ ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေး၊ လက်တွေ့မီးငြှိမ်းသတ်ရေး သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်