သတင်းများ

ကျိုက်ထိုမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်း ပညာပေးသင်တန်း ဖွင့်လှစ်
Nov 18,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်းပညာပေးသင်တန်းကို နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှေ့တွင် လူသွားစင်္ကြန်(ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှေ့တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လူသွားစင်္ကြန်(ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ပြည်သူများအ​​ဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသောသောက်သုံးရေများ စဥ်ဆက်မပျက် ရရှိစေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းများကြောင့် ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေး​ခြင်းနှင့် ကွင်းဆင်းစစ်ဆေး​ခြင်းကို ယနေ့ နံနက် (၉) နာရီက အမှတ် (၉၂၊ ၉၄)ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကျောက်မှုန့်မြေဩဇာနှင့် ရွက်ဖျန်းအားဆေးများ အခမဲ့ထောက်ပံ့ပေးအပ်
Nov 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် ရည်ရွယ်ကာ ကျောက်မှုန့်မြေဩဇာ၊ ရွက်ဖျန်းအားဆေးများအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်းကို နိုဝင်ဘာ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်က ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ စာဖတ်ဝိုင်း ပြုလုပ်
Nov 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများ ဆောင်ရွက်
Nov 18,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများကို ယမန်နေ့က အောင်လံမြို့နယ်၊ ကားကြီးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community-Centre) ခန်းမတွင် ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ မိမိတို့ဌာနအနေဖြင့် ယခုလို လူငယ်များ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်း၊ စက္ကူခေါက်ခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြင့် လူငယ်များ အသိပညာဗဟုသုတတိုးပွားမှာဖြစ်ကြောင်းနှင့် ဌာန၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သန်လျင်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်
Nov 18,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။