Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အုတ်တွင်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Aug 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဥပဒေရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း (အုတ်တွင်း)ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် လူငယ်စင်တာတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့တက်ရောက်မည့် လူငယ်များနှင့်တွေ့ဆုံပွဲ ကျင်းပ
Aug 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက် အတွင်းရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့ တက်ရောက်မည့် လူငယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်ရေများ ပြန်လည်ကျဆင်းသွားခြင်းကြောင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်
Aug 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေများ ပြန်လည်ကျဆင်းသွားခြင်းကြောင့် ယနေ့နံနက်ပိုင်းမှစတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်အခြေခံစားသောက်ကုန်များ ပေးအပ်
Aug 04,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စနစ်တကျပြန်လည်နေရာချထား၍ လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအဆင်ပြေစေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ မှုံပြာကျေးရွာသို့သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ၁၈နှစ်ပြည့်ပြီးသူများ ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးပြုလုပ်ရန် မကျန်ရှိစေရေး ညှိနှိုင်းဆောင်ရွက်
Aug 04,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းခရိုင်ရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် ၁၈နှစ်ပြည့်ပြီးသူများ ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးပြုလုပ်ရန် မကျန်ရှိစေရေးနှင့် အမြန်စာရင်းကောက်ယူပြုစုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကြက်ခြေနီအခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်
Aug 04,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ Online မှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရဲစခန်းမှူး ဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံများ၌ အများပြည်သူများ online မှတစ်ဆင့် လိမ်လည်ခံရမှုမရှိစေရေး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုူခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24
Page
25
Page
26
Page
27
Current page
28
Page
29
Page
30
Page
31
Page
32
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department