သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၊ ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ Hygiene Kit -E (၁၉) ပုံး ထောက်ပံ့လှူဒါန်း
Nov 12,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများသို့ Hygiene Kit-E ပုံးများ ထောက်ပံ့လှူဒါန်းခြင်း လုပ်ငန်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Nov 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွား မှုနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက်ရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆောင်းရာသီ အခြေခံဘောလုံးအားကစားသင်တန်း ဖွင့်လှစ်
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆောင်းရာသီ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ဆောင်းရာသီ အခြေခံဘောလုံး အားကစားသင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းပညာရေး တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်း ဘာသာရပ်ဆိုင်ရာများ ပို့ချပေး
Nov 12,2021
စစ်ကိုင်းပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် သက်ဆိုင်ရာ သင်တန်းနည်းပြဆရာ/ ဆရာမများက စီမံခန့်ခွဲရေးစွမ်းရည်မြှင့် သင်တန်းနှင့် အသစ်ခန့်ထားသော အခြေခံ ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းတို့ကို ယနေ့တွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင်း ဆောင်များတွင် ဆက်လက်ပို့ချ ပေးခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းသူ/သားများ ကျောင်းတက်နိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ တက်ရောက်သင်ကြားနိုင်ရေး တွေ့ဆုံဆွေးနွေး
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု အလယ်တန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားများ ကျောင်းတက်ရောက်နိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ တက်ရောက်သင်ကြားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်၁နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး နှိုးဆော်ကြောညာခြင်း ဆောင်ရွက်
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက် ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြရန်ရ ည်ရွယ်၍ ယနေ့ နံနက် (၈)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို Hand Speaker ဖြင့် အသိပေးကြေညာဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Nov 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
မိတ္ထီလာတွင် ဒေသခံပြည်သူ ၄၉ဝ၅ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေး
Nov 12,2021
မိတ္ထီလာမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၄၉ဝ၅ ဦးအား ယမန်နေ့က သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။