မော်လမြိုင်ကျွန်းမြို့နယ်၊ ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ Hygiene Kit -E (၁၉) ပုံး ထောက်ပံ့လှူဒါန်း

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၂

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများသို့ Hygiene Kit-E ပုံးများ ထောက်ပံ့လှူဒါန်းခြင်း လုပ်ငန်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ပစ္စည်း(၅)မျိုးပါ ​ Hygiene kit-E များအား  မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဓမ္မာရိပ်သာ သီလရှင်ကျောင်းသို့  (၉)ပုံးနှင့် အမှတ်(၁၃)ရပ်ကွက်၊ အောင်ဇေယျသိင်္ဂီ သီလရှင်ကျောင်းသို့(၁၀)ပုံး စုစုပေါင်း (၁၉)ပုံးအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်အောင်