ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက်ရပါတယ်။
ကျွန်တော့နာမည်က မင်းခန့်ဖြစ်ပါတယ်။ ဆိပ်ကြီးအရှေ့ဗဟိုလမ်းမှာနေပါတယ်။ ကျွန်တော်က မြို့နယ်ရဲ့ ရှင်ရေးကူညီမှု အသင်းမှာလည်း အသင်းဝင်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့အသင်း က(၃)ဦး ကိုဗစ်-၁၉ ရောဂါဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌရယ် ရှေ့ပြေးကျွန်တော်တို့ နှစ်ယောက်ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ရယ်လို့ ရောဂါလက္ခဏာမျိုး ခံစားရတာလည်း မရှိခဲ့ပါ ဘူး။ လုပ်ငန်းတွေကိုလုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ကို ကိုဗစ်-၁၉ ရောဂါ စစ်ဖို့ခေါ် တော့ ကျွန်တော်တို့ တစ်ဖွဲ့လုံးစစ်ခဲ့ပါတယ်။ သွားစစ်တဲ့အချိန် ကျွန်တော်တို့ဥက္ကဋ္ဌ နဲ့ကျွန်တော်တို့ နှစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရပါတယ်။ မြို့နယ်ကိုဗစ်စင်တာမှ တစ်ရက် နေခဲ့ပါတယ်။ နောက်နေ့မှာ ရန်ကုန်ကိုဗစ်စင်တာကို ပို့ခဲ့ပါတယ်။ စင်တာမှ ကျွန်တော်တို့ကို အချိန်မှန်မှန်အစား အသောက်ကျွေးပါတယ်။ အဲဒီရောက်တဲ့အချိန်ထိ နှစ်ရက်သုံးရက်လောက်ထိ ကျွန်တော်တို့ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒီအတိုင်း လန်းလန်းဆန်းဆန်းနဲ့ ပုံမှန်အနေအထားပဲရှိပါတယ်။ လေးငါးရက် တစ်ပတ်လောက် ကြာမှ နည်းနည်းလေး ခေါင်းမူးချင်သလိုလို ကိုယ်လက်ကိုက်ခဲချင် သလိုလို ဖျားချင် သလိုလို နာကျင်သလိုလိုခံစားရတာ မျိုးတော့ ရှိခဲ့ပါတယ်။ အဲဒါလောက်ပဲ ခံစားမှု ရှိခဲ့တာပါ။ တခြားထွေထွေထူးထူးမရှိခဲ့ပါဘူး။ အဲဒီမှာ(၁၄)ရက်နေခဲ့ပါတယ်။ အဲဒီမှာ (Volunteer) အလုပ်တွေ ကိုလည်း ဥက္ကဋ္ဌနဲ့ အတူ လုပ်ခဲ့ပါသေးတယ် တတ်နိုင်တဲ့ဘက်နေ တတ်နိုင်သလောက် ကူညီခဲ့ပါ တယ်။ (၁၄)ရက်ပြည့် လို့ပြန်လာတော့လည်း မြို့နယ်မှာလိုအပ်တဲ့နေရာတွေမှာလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်လုပ်ပေးခဲ့ပါတယ်။ အဓိကတော့ ကျွန်တော့အမြင်ပေါ့နော် အားရှိနေတယ် အရမ်းကြီးလည်း ဒါကြီးကို ကြောက်တယ်ဆိုတဲ့ စိတ်လည်း မထားဘူးထားရင်လည်း ပိုပြီးတော့ ရောဂါအခြေအနေဆိုးတာမျိုးတွေ့ရတယ်ပေါ့နော် ကျွန်တော့အမြင်မှာ Positive သာဖြစ်သွားတယ် ရောဂါဝေဒနာ မခံစားရဘူးပေါ့နော ကာကွယ်ဆေးထိုးတာကတော့ ကောင်းပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေကတော့ မြို့နယ်မှာ ထိုးပေးနေပါတယ် ဖြစ်နိုင်ရင် ထိုးစေချင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဒါကကိုယ့်မြို့နယ်နဲ့ ကိုယ့်ရဲ့မိသားစု အတွက်ပါ အထောက်အကူပြု တယ်၊ ကိုယ့်အတွက်လည်း ကောင်းမွန်တဲ့အရာလေ ဆိုးကျိုးတွေ ဆိုတာလည်းမရှိပါဘူး။ (၁၀)ယောက်မှာ (၁)ယေက်ကတော့ အနည်းနဲ့အများ ဖျားနာတာတွေ ဖြစ်တာတော့ရှိပါတယ်။ ဒါလေးကို ကြောက်နေဖို့မလိုပါဘူး။ သတ္တိရှိရှိနဲ့ထိုး စေချင်တယ်။ အဲဒါမှ ကိုယ့်မြို့နယ်အတွက် ပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုအတွက်ပဲဖြစ်ဖြစ် တစ်ထောင့် တစ်နေရာ ကနေ ကူညီရာရောက်ပါတယ်။ မကြောက်ကြပါနဲ့ အကုန်လုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စေချင်ပါတယ်လို့ ပြောချင်ပါ တယ် ကျေးဇူးတင်ပါတယ်။
ဝေယံ(ပြန်/ဆက်)