သတင်းများ

မြောက်ဦးမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Nov 12,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးနှင့် မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစုရပ် ၅ နေရာ၌ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်
Nov 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်းရပ်ကွက်များနှင့် လူသွား လူလာများသည့် နေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မွန်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီ အစည်းအဝေးကျင်းပ
Nov 12,2021
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ခဲ့သည်။
ကျိုင်းတုံမြို့၌  ပန်းခင်းစီမံချက် အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်
Nov 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
လပွတ္တာခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိ
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေဝါသနာရှင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်များစာပေဗဟုသုတ ရရှိစေရန်၊ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် အသိပညာပေးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက်
Nov 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Page ၏ Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများအား ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ရပ်ကွက်/ကျေးရွာများအား နေ့ရက်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုံပါကျင်မြို့၊ အမှတ်(၁) ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကွင်းဆင်းဆောင်ရွက်
Nov 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။