သတင်းများ

ရိခေါ်ဒါရ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းပြုလုပ် 
Nov 12,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်းကို နိုဝင်ဘာ ၁၂ ရက်တွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Nov 12,2021
ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့တွင် RDT ဖြင့် စစ်ဆေးသူ (၁၉၃) ဦးတွင် ရောဂါပိုးတွေ့ရှိသူ(၂၀)ဦး၊ PCR ဖြင့်ပေးပို့စစ်ဆေးသူ(၃၇)ဦးတွင် ရောဂါပိုးတွေ့ ရှိသူ(၇)ဦး၊ စုစုပေါင်း(၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ပြန်ခွင့်ရသူ (၁၀)ဦး၊ ယခုမြို့နယ်တွင်ကုသဆဲလက်ကျန်လူနာ(၁၃၁)ဦးကျန်ရှိကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာန၏  စာရင်းများအရ သိရသည်။
နာဂဒေသ၊ လေရှီးမြို့တွင် မြို့နယ်အစီအစဉ်ဖြင့် အားကစားကွင်းအား ပြန်လည်ပြုပြင်
Nov 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နာဂစာပေနှင့် ယဉ်ကျေးမှု ပြတိုက်ရှေ့တွင် တည်ရှိသော မြို့နယ်အားကစားကွင်းအား မိုးရာသီကာလတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေများတိုက်စားမှုကြောင့် ချိုင့်ခွက်များ ဖြစ်ပေါ်နေသဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြေဖို့ခြင်းနှင့် မြေညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 12,2021
ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံ ချက်ဖြင့် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများ အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်က ပြုလုပ်ပေးခဲ့သည်။
ဒေးဒရဲမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ အချင်အတွယ်မှန်ကန်စွာ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်မှ နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြင့် ပြည်သူများ စက်သုံးဆီများ စျေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ရောင်းချပေးလျက်ရှိသော စက်သုံးဆီဆိုင်များ အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးနေမှုအား ယနေ့ နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ် အားစာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁၂:၃၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့မစည်ပင်ဈေးကြီးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေး၊ ဈေးနှင့်၀န်းကျင် လုံခြုံရေး လှည့်လည် စစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်
Nov 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၊ စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့ နံနက် ၁၀ နာရီက မြို့မစည်ပင်သာယာ ဈေးကြီး၀န်းကျင် လုံခြုံရေးလှည့်လည် စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက် ခဲ့သည်။
ပန်းတနော်မြို့နယ် မင်းဆယ်ကျေးရွာအုပ်စု ငှက်ပေါက်ချောင်းကွင်းတွင် မိုးစပါးစံကွက် ဆင်းသုခစပါးမျိုးကွဲရိတ်သိမ်း
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းဆယ်ကျေးရွာအုပ်စု ငှက်ပေါက် ချောင်းကွင်း၊ ကွင်းအမှတ်(၅၄၈)၊ ဦးပိုင်အမှတ်(၁၁/၃)ရှိ တောင်သူ ဦးအောင်ကျော်၏ မိုးစပါးစံကွက် ဆင်းသုခစပါးမျိုးကွဲအား ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းရာ စပါးထွက်နှုန်း (၈၇.၀၈) တင်း ထွက်ရှိကြောင်း သိရသည်။