မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆောင်းရာသီ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ဆောင်းရာသီ အခြေခံဘောလုံး အားကစားသင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ အသက် (၁၇) နှစ်အောက် လူငယ် (၄၅)ဦးတက်ရောက်ပြီး မြို့နယ်ဘောလုံး ဆပ်ကော်မတီမှ နည်းပြ (၅) ဦးက လေ့ကျင့်သင်ကြားပေးလျက်ရှိကာ သင်တန်းကာလအဖြစ် (၃)ပါတ်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်ထံမှ သိရသည်။
အောင်အောင်