သတင်းများ

ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး
Nov 12,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကို ယနေ့ နံနက်(၉) နာရီက စတင်၍ မြို့န​ယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 12,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်မှုများဆောင်ရွက်
Nov 12,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လေးအိမ်ကုန်းကျေးရွာအုပ်စု ၊ ကျားကုန်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား၊  အိမ်ထောင်စု လူဦးရေစာရင်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 12,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  နိုင်ငံတစ်ဝန်း  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန်  နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊  အိမ်ထောင်စု လူဦးရေစာရင်းများ  ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်  ဆိပ်ကြီးကျေးရွာအုပ်စု၊ လှော်ဃားလှည့်ကျေးရွာတွင်  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်  အိမ်ထောင်စုလူဦးရေစာရင်းများ  ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် မိုးစပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်း
Nov 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက်အနက် ရက် ၉၀ နှင့် ရက်၁၀၀ စပါးမျိုးများ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက ဇီးတောကျေးရွာမှ တောင်သူ ဦးအုန်းရွှေ၏ ကွင်းအမှတ် (၁၀၂၈) ဦးပိုင်အမှတ် (၁၈၇) စိုက်ဧကတစ်ဧက မိုးစပါးစိုက်ကွင်း၌ ရိတ်သိမ်း ဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Nov 12,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့‌ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၊ ချောင်းကွဲကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 12,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉) နာရီက ချောင်းကွဲကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။