သတင်းများ

ဝက်လက်မြို့နယ်၌ မိုးစပါး ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကောင်းမျိုးသန့် ထွက်ရှိစေရန်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းကာ အသိပညာပေးခြင်းများ ဆောင်ရွက်
Nov 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ သခွတ္တောကျေးရွာ ၊ တောင်သူ ကိုဖိုးသား ၏ စပါးစိုက်ခင်းတွင်၊ မိုးစပါး ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကောင်းမျိုးသန့် ရရှိစေရန်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းကာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့ကျစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီအချိန်က မိုင်းပန်မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်လမ်းကြားများတွင်Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ စတုတ္ထအသုတ် ၊ပထမအကြိမ်အသက် ၁၈ နှစ်နှင့် အထက်၊ပြည်သူ(၁၈၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ
Nov 12,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်း များ ကကျိုက်ဒုံမြို့ပေါ်နှင့်ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈နှစ်နှင့်အထက်၊ ပြည်သူ(၁၈၀) ဦးအား စတုတ္ထအသုတ်၊ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ဒေးဒရဲမြို့နယ် ကုန်းတန်းကလေးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကုန်းတန်းကလေးကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များအား သင်တန်း ဖွင့်လှစ် ပို့ချပေး
Nov 12,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမ(၆)လ ဘတ်ဂျတ်ဖြင့် ကျေးရွာ(၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်မည့် ကော်မတီအဖွဲ့ဝင်များအား ယမန်နေ့ နံနက်ကစပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဘာသာရပ်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးနေကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
ဟိုပုံးမြို့၌ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးပေး
Nov 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် Local Semi-Lock down ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၈နာရီ အချိန်မှ စတင်၍ မိုဘိုင်းစနစ်ဖြင့် RDT Test-Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။
အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူးများ အသိပညာပေးနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းပွဲ ကျင်းပ
Nov 12,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးဆောင်၍ ရမည်းသင်းမြို့ အမှတ်(၅) အခြေခံပညာ အထက်ကျောင်း အားကစားခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျောင်းသား၊ ကျောင်းသူများကို အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူးများ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြု လုပ်ကြောင်း သိရသည်။
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား(၆)မြို့နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Nov 12,2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဟင်္သာတခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပသော ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက်( ၆ ) မြို့နယ် အမျိုးသား ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဟင်္သာတမြို့ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။