မိတ္ထီလာ နိုဝင်ဘာ ၁၂
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၄၉ဝ၅ ဦးအား ယမန်နေ့က သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးများဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းအား မြို့နယ် ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိလူမှုကူညီရေးအသင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ဒေသခံ ပြည်သူ၄၉ဝ၅ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံပေးရာတွင် ပြည်သာယာ(မ)ရပ်ကွက်၊ ကန်တောင်ကျေးရွာအုပ်စု၊ ဝန်ဇင်းရပ်ကွက်၊ မြာကျေးရွာအုပ်စု၊ ဈေးအရှေ့ပြင်ရပ်ကွက်၊ ရတနာမာရ်အောင်ရပ်ကွက်၊ ဆည်အောင်ကျေးရွာအုပ်စု၊ မြောက်လည် ကျေးရွာအုပ်စု၊ ထမုန်ကန်ကျေးရွာအုပ်စုနှင့် ကဖြူကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများအား သက်ဆိုင်ရာကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဝန်ဇင်းရပ်ကွက်၊ ကန်သာကျေးရွာအုပ်စုနှင့် စက်မှုဇုန်ရပ်တို့တွင် နေထိုင်သည့် ဒေသခံပြည်သူ ၁၈ဝဝဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ