သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 12,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၅၅ နှစ်အထက်နှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ကို ယနေ့ နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။