စစ်ကိုင်း နိုဝင်ဘာ ၁၂
စစ်ကိုင်းပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် သက်ဆိုင်ရာ သင်တန်းနည်းပြဆရာ/ ဆရာမများက စီမံခန့်ခွဲရေးစွမ်းရည်မြှင့် သင်တန်းနှင့် အသစ်ခန့်ထားသော အခြေခံ ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းတို့ကို ယနေ့တွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင်း ဆောင်များတွင် ဆက်လက်ပို့ချ ပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် နဉ်းပြ/ သရုပ်ပြ ဆရာ/ ဆရာမသစ်လွင်ကြိုဆိုပွဲနှင့် အခြေခံဆရာ/ ဆရာမများ အား ဘာသာရပ်ဆိုင်ရာ သင်တန်းနှင့် စီမံခန့်ခွဲရေးစွမ်းရည်မြှင့် သင်တန်းများကို နိုဝင်ဘာ(၈)ရက်နေ့က တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ(၈)ရက်နေ့အထိ (၁)လကြာ သင်တန်းများ ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် အသစ်ခန့်အပ်သည့် အခြေခံပညာဆရာ/ ဆရာမများအား သင်ကြားရေးဘာသာ ရပ်များတွင် မဟုတ်ဘဲ စီမံခန့်ခွဲရေး ဘာသာရပ်များဖြစ်သည့် ဝန်ထမ်းများလိုက်နာရမည့် တာဝန်/ စည်းကမ်းများ၊ ဌာနဆိုင်ရာ အရေးယူခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေမှ ပင်စင်ကိစ္စများ၊ ခွင့်အမျိုးအစားများ၊ သင်တန်းရေးရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်နှင့် အယူခံလွှာတင်သွင်းခြင်း၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာ အခြေခံလိုက်နာရမည့် အချက်များ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပြီး မိမိတို့တာဝန်ကျရာ နေရာများတွင် အတူတာဝန်ထမ်းဆောင်နေကြသည့် ဆရာ/ဆရာမများကိုလည်း ပြန်လည်မျှဝေ သင်ကြားပေး သွားမှာဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်