သတင်းများ

သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင် ခြယ်ပြိုင်ပွဲပြုလုပ်
Nov 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသား များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြု တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး
နမ္မတူတွင် အသက် (၄၅) နှစ်နှင့်အထက် ပြည်သူ ၁၂၀ ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
Nov 12,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီခွဲ အချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၄၅) နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး လျက်ရှိသည်။
ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိ ပညာပေး နှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက် ၈နာရီ မိနစ်၃၀ မှ စ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် အရှိန်အဟုန်မြှင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များနှိုးဆော်
Nov 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ နှိုးဆော်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင် ဝန်ထမ်းသစ်များ ဌာနတွင်း လုပ်ငန်းခွင် ရက်တိုသင်တန်းဆင်းပွဲပြုလုပ်
Nov 12,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းသစ်များ၊ ဌာနတွင်း လုပ်ငန်းခွင်ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို မူဆယ်ခရိုင်ရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “၁၀၁” နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Nov 12,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “၁၀၁ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့နယ်အတွင်း အုပ်စုအလိုက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Nov 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက် ၁၈ နှစ်နှင့်အထက် ဒုတိယအသုတ် အကြိမ်ပြည့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ကဗျာရွတ်ဆို ပြိုင်ပွဲ နှင့်ဆုပေးခြင်းအခမ်းအနားကျင်းပ
Nov 12,2021
မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဆုပေး ခြင်း အခမ်းအနားကိုယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။