ဖျာပုံ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက် ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြရန်ရ ည်ရွယ်၍ ယနေ့ နံနက် (၈)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို Hand Speaker ဖြင့် အသိပေးကြေညာဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုကဲ့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရပါက ပါးစပ်၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားရောက်ရန်၊ လူစုလူဝေးသွားရောက်ခြင်းမှ ရှောင်ကြည်ရန်၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင် (၆)ပေအကွာမှ ပြောဆိုရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်၊ အသုံးအဆောင် ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာဆေးကြောရန်၊ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြု လုပ်ကြရန် စသည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများမှ သိရှိလိုက်နာစေရေးအတွက် Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)