ဒေးဒရဲ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်မှ နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြင့် ပြည်သူများ စက်သုံးဆီများ စျေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ရောင်းချပေးလျက်ရှိသော စက်သုံးဆီဆိုင်များ အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးနေမှုအား ယနေ့ နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးကိုကိုဦး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကာ စက်သုံးဆီများ ရောင်းချပေးလျက်ရှိသော ရတနာကောင်းကင် စက်သုံးဆီအရောင်းဆိုင်တွင် အချင်အတွယ် မှန်ကန်စေရေးစံနှုန်းတိုင်း ပစ္စည်းများနှင့် တိုင်းတာစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းညိုနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)