ဝါးခယ်မ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ် အားစာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁၂:၃၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးက နိုင်ငံဝန်ထမ်းများ ထားရှိရမည့်စံတန်ဖိုး သတ်မှတ်ချက်များအား လည်းကောင်း၊ စာထောက်-၃မှ ပြည်သူ ဗဟိုပြုနိုင်ငံဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်းအားလည်းကောင်း၊ ရုပ်/သံ-၃မှ ဆန်းသစ် တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားခဲ့ပြီး ဝန်ထမ်းများ၏ သဘောထားနှင့် အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောသန္တာဦး