လေရှီး နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နာဂစာပေနှင့် ယဉ်ကျေးမှု ပြတိုက်ရှေ့တွင် တည်ရှိသော မြို့နယ်အားကစားကွင်းအား မိုးရာသီကာလတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေများတိုက်စားမှုကြောင့် ချိုင့်ခွက်များ ဖြစ်ပေါ်နေသဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြေဖို့ခြင်းနှင့် မြေညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားကွင်းအား ရာသီအလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၄င်းအားကစားကွင်း ဆောင်ရွက်ပြီးစီးသွားပါက ဒေသခံ ပြည်သူများ အနေဖြင့် လူကြီး၊ လူငယ်မရွေး ကျန်းမာရေး လိုက်စားနိုင်ပြီး အဆင်ပြေ ချောမွေ့စွာ အားကစားပွဲများ ပြန်လည် ကျင်းပနိုင်စေရန် ရည်ရွယ်၍ ပျက်စီးနေသည့် အားကစားကွင်းအား ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၏ ပြောကြားချက်အရ သိရသည်။
ဆိုင်းသား(လေရှီး)