သတင်းများ

ဝါးခယ်မမြို့နယ်၌ အသက် (၄၀) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 12,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကာကွယ်‌ဆေးမထိုးနှံရသေးသောအသက် (၄၀)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နံနက် (၈)နာရီကစတင်၍ ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့ အ.လ.က ကျောင်း၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်တွေ့သရုပ်ပြ
Nov 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းရယ်မြို့၊ အ.လ.က ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ကျုံပျော်တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး၊ လျှောက်လွှာများခေါ်ယူလျက်ရှိကြောင်း နိုဝင်ဘာ ၁၂ ရက်ကသိရသည်။ 
အင်္ဂပူမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ၂၀၂၁-၂၀ ၂၂-ခုနှစ် မြို့နယ်ကိုယ်စားပြု မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်ရွာကြီးကျေးရွာ အုပ်စု အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ကွင်းအမှတ် (၇၆၀) ဦးပိုင်အမှတ် (၁၇၂/၂)ရှိတောင်သူ ဦးကိုမြင့် လယ်ယာမြေတွင် ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ ဟောပြောပွဲဆောင်ရွက်
Nov 12,2021
တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပန်းခင်းစီမံချက်အသိပညာပေး Talk Show ပြုလုပ်
Nov 12,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံ ချက်အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာလေ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး
Nov 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် တာလေ မြို့စည်ပင်သာယာ​ရေးဌာန၏ မီနီ(၆)လ ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ် ၉၄ သိန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၃) ရပ်ကွက်ရှိ (၃/၁)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကြံခင်းမြို့ အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်တွင် နေ့စဉ်ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ကြီးကြပ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့ နံနက် ပိုင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။