ချမ်းအေးသာစံ နိုဝင်ဘာ ၁၂
ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများ အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်က ပြုလုပ်ပေးခဲ့သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းက ဦးဆောင်ပြီး သီရိဟေမာအနောက်ရပ်ကွက်တွင် နေထိုင်သူ ၅၂ ဦးကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည်သူနှင့် ၁၈ နှစ်ပြည့်ပြီးသူများ အား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသား စိစစ်ရေး ကဒ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်