ပန်းတနော် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းဆယ်ကျေးရွာအုပ်စု ငှက်ပေါက် ချောင်းကွင်း၊ ကွင်းအမှတ်(၅၄၈)၊ ဦးပိုင်အမှတ်(၁၁/၃)ရှိ တောင်သူ ဦးအောင်ကျော်၏ မိုးစပါးစံကွက် ဆင်းသုခစပါးမျိုးကွဲအား ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းရာ စပါးထွက်နှုန်း (၈၇.၀၈) တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်မျိုးသက်၊ ပန်းတနော်မြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးလွင်၊ ဆည်မြောင်းဦးစီးဌာနဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ခဲ့ပြီး တောင်သူ ဦးအောင်ကျော်၏ မိုးစပါးစံကွက် ဆင်းသုခစပါးမျိုးကွဲအား ရိတ်သိမ်းရာ စပါးထွက်နှုန်း (၈၇.၀၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)