မောက်မယ် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့တွင် RDT ဖြင့် စစ်ဆေးသူ (၁၉၃) ဦးတွင် ရောဂါပိုးတွေ့ရှိသူ(၂၀)ဦး၊ PCR ဖြင့်ပေးပို့စစ်ဆေးသူ(၃၇)ဦးတွင် ရောဂါပိုးတွေ့ ရှိသူ(၇)ဦး၊ စုစုပေါင်း(၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ပြန်ခွင့်ရသူ (၁၀)ဦး၊ ယခုမြို့နယ်တွင်ကုသဆဲလက်ကျန်လူနာ(၁၃၁)ဦးကျန်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည့် အတည်ပြု လူနာများ (၃၄၇)ဦး အနက် သေဆုံးသူ(၄)ဦးရှိ၍ လက်ရှိ ဆေးကုသမှုခံယူ နေသူပေါင်း(၁၃၁)ဦးရှိကြောင်းနှင့် ဟိုနမ့်တိုက်နယ်တွင် Positive Centre များ ထပ်မံတိုးချဲ့ဖွင့်လှစ် နေရကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ သတင်းများအရသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)