ရိခေါ်ဒါရ် နိုဝင်ဘာ ၁၂
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်းကို နိုဝင်ဘာ ၁၂ ရက်တွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ ကိုရှင်းလင်းဆွေးနွေးပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များက ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဟောပြောသည့် “အနာဂတ်ကို မိမိကိုယ်တိုင် ဖန်တီးဖို့လိုတယ်” စာအုပ်ပါ ဟောပြောချက်များ၊ အကြောင်းအရာများအလိုက် မိမိတို့ဖတ်ရှုလေ့လာသဘောပေါက်နားလည်မှု များအား အသီးသီးအပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သောမတ်