သတင်းများ

နမ့်စန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းအခြေခံသင်တန်းဆင်းပွဲနှင့် ဂဟေဆက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 21,2022
ကလေးအလုပ်သမားပပျောက်ရေး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရေးလုပ်ငန်းကော်မတီ၏ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်းဆင်းပွဲနှင့် ဂဟေဆက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မန္တလေးခရိုင်၊ မဟာအောင်မြေမြို့ နယ် Hotel Mandalay (Hinn Si Phyu Room)ခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုး
Mar 21,2022
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အဖြစ် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော် ကို  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ စန္ဒဝတ်ကျေးရွာအုပ်စု ရွာသစ် ကြိုးဝိုင်းအကွက် အမှတ်(၁၉)တွင် ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့ပြီး ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာအလယ်တန်း/ အထက်တန်း ကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ လွိုင်လင်ခရိုင် လဲချားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်(၁၁:၀၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက်များအား လိုက်လံနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သဘာဝဘေးကော်မတီမှ ဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နံနက် (၇)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် (၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသဖြင့် ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်း လူစည်ကားရာ နေရာများနှင့် မြစ်ကမ်းတစ်လျှောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြသည်။
ဒက္ခိဏသီရိမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမျိုးသားမှတ်ပုံတင် နှင့် အိမ်ထောင်စုဇယားများ ဆောင်ရွက်ပေးလျက်ရှိ
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁-ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်၍ အမျိုး သားမှတ်ပုံတင် အသစ်ဆောင်ရွက်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊
စဉ့်ကိုင်မြို့နယ်၌ မြို့နယ်ခန်းမ ဆောက်လုပ်နေမှု (၉၀)ရာခိုင်နှုန်းပြီးစီး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြသီတာပန်းခြံ၀င်းအတွင်းရှိ သတ်မှတ်ထားသော ခန်းမမြေနေရာတွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးထောက်ပံ့ ရန်ပုံငွေဖြင့် မြို့နယ်ခန်းမဆောက်လုပ်နေမှုအား ယမန်နေ့ မွန်းလွဲ(၃)နာရီက အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ရာ အဆောက်အဦမှာ (၉၀)ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။