သတင်းများ

နမ့်ဆန်မြို့နယ်တွင် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများ အသုံးပြု၍ ခရီးသွားလာခြင်း တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်း အသိပညာပေး မြေစိုက်ဘုတ်များစိုက်ထူ
Mar 21,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည် မဟုတ်ကြောင်းပါ "မိဘပြည်သူများသို့အသိပေးကြေညာခြင်း" မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်း က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက် ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day Off Forests) အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 21,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့(International Day Off Forests) အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းသစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူများ ဗဟုသုတရရှိနိုင်စေရန်အတွက် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများအတွက်   လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီကကျင်းပခဲ့ ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ် တွင် ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ
Mar 21,2022
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို မတ်လ (၂၁)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ စ‌ငေါကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ပိုင်ကျုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့်ဖဲကြိုးထိုးနည်းပြိုင်ပွဲ ဆောင်ရွက်
Mar 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၇)နှစ်မြောက် တပ်မ တော်နေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ၊ ဖဲကြိုးထိုးနည်းပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရှိ ရသည်။