မဟာအောင်မြေ မတ် ၂၁
ကလေးအလုပ်သမားပပျောက်ရေး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရေးလုပ်ငန်းကော်မတီ၏ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်းဆင်းပွဲနှင့် ဂဟေဆက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မန္တလေးခရိုင်၊ မဟာအောင်မြေမြို့ နယ် Hotel Mandalay (Hinn Si Phyu Room)ခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်နှင့်သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းသားများကို သင်တန်းတက်ရောက်ပြီးရရှိလာမည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း