သတင်းများ

မအူပင်မြို့၌ မုန်တိုင်းငယ်သတိပေးချက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 21,2022
မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မုန်တိုင်းအန္တရာယ် သိရှိရန်အတွက် ယနေ့ နံနက် ၉ နာရီက မအူပင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ဦးဆောင်မှု ဖြင့်  ခရိုင်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများမှ စျေးဝယ် လာရောက်သည့် မော်တော်များ၊ စက်လှေများအား အန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်း စစ်ဆေးပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျုံမငေး-ရန်ကုန် စက်ရုံဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ဂုဏ်ပြုကြိုဆို ပူဇော်ပွဲကျင်းပ
Mar 21,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆက်ကပ်လှူဒါန်းအပ်သော အဘိဓဇ္ဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံကျောင်းဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမန မဟာထေရ်မြတ်အား ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ သီတင်းသုံးဆောင်ရာ စက်ရုံဓမ္မရိပ်သာ၊ ကျုံမငေးမြို့သို့ လှည့်လည်အပူဇော်ခံဂုဏ်ပြုကြိုဆိုပွဲအား ကျင်းပခဲ့ကြောင်းသိရသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Covaxin)ဆက်လက်ထိုးနှံ
Mar 21,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မိုင်းငေါ့မြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လည် (၁၂) နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်း‌ ကျောင်းတွင် လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ လယ်ယာမြေသိမ်းဆည်းခံရမှု နစ်နာကြေးအား မူလပိုင်ရှင် ထံသို့ပေးအပ်
Mar 21,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကချင်ပြည်နယ်၊ မိုးကောင်မြို့နယ်ဆားမှော် မိုက်ခရိုဝေ့ဗ်စခန်းနှင့် အော်တိုအိတ်ချိန်းရုံး လယ်ယာမြေသိမ်းဆည်းခံ ရမှု နစ်နာကြေးအား မူလပိုင်ရှင်ထံသို့ ပေးအပ်ခြင်း အခမ်းအနားကို မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရ သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 21,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ ယနေ့ နံနက်(၉) နာရီက ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများကဈေး ဆိုင်တန်းများနှင့် ကျောင်းသားကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိ
Mar 21,2022
အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာနမှလူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ ညောင်လေးပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အားကစားစိတ်ပါ၀င်စားသည့် ကစားသမားများအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံအားကစားနည်းစနစ်များအား စနစ်တကျတတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံးဖြိုးတိုးတက်လာစေရန် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် အခြေခံအားကစားနည်းသင်တန်း(၆) နည်း ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။
အင်္ဂပူမြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဝင်ရောက်လာပါက ရှာ‌ဖွေကယ်ဆယ်ရေး ဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌ မုန်တိုင်းဝင်ရောက်လာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ကစ၍ တပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ပြင် ဆင်ထားရှိကြောင်းသိရှိရသည်။