မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမျိုးသားမှတ်ပုံတင် နှင့် အိမ်ထောင်စုဇယားများ ဆောင်ရွက်ပေးလျက်ရှိ

မင်းတုန်း မတ်လ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁-ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်၍ အမျိုး သားမှတ်ပုံတင် အသစ်ဆောင်ရွက်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ မိတ္တူထုတ်ပေးခြင်းနှင့် အိမ်ထောင်စု ဇယား ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ က်နေ့အထိ အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင် (၈၈၁)ဦး၊ (၁၈)နှစ်ပြည့် မှတ်ပုံတင် လဲလှယ်(၈၅၁)ဦး၊ မိတ္တူ(၇၃၁)ဦးနှင့် အိမ်ထောင်စုဇယား(၄၉၆)ခု ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် အသက်(၁၀) နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့်လဲလှယ်၊ မိတ္တူနှင့် အိမ်ထောင်စုဇယားများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းတုန်းမြို့နယ်ဦးစီမှူးရုံး ဦးစီးအရာရှိ ဦးစိုင်းဝင်းသိန်းဦးထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်