ဖျာပုံမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက်များအား လိုက်လံနှိုးဆော်

ဖျာပုံ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သဘာဝဘေးကော်မတီမှ ဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နံနက် (၇)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် (၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသဖြင့် ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်း လူစည်ကားရာ နေရာများနှင့် မြစ်ကမ်းတစ်လျှောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် မြို့နယ်သဘာဝဘေးကော်မတီမှ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ မြစ်ကမ်းဘေးတလျှောက်နှင့် ရပ်ကွက်/ ကျေးရွာများသို့ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များအား၊ ပြည်သူများသိရှိနိုင်စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)