သတင်းများ

မိုင်းကိုင်မြို့၏ ရှေးဟောင်းမြေမြို့ရိုးနှင့် ထိန်းသိမ်းအပ်သည့် သမိုင်းအမွေအနှစ်များ
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ဟာ သမိုင်းအထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၀၆ ခု၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က နမ့်နှိပ်ရွာ အမည်နဲ့ ရှမ်းလူမျိုးတွေ အစပြုနေထိုင်ခဲ့ရာက ကျေးရွာတွေ တိုးပွားလာပြီး ဝိင်းငင်း၊ ဝိင်းခမ်း၊ ဝိင်းလိုင်၊ ဝိင်းပိုင်း စတဲ့အမည်နာမတွေနဲ့ မြို့အဖြစ်ကို ပြောင်းလဲ ပေါ်ပေါက်လာတဲ့ ရှေးဟောင်း မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။
ဟိုပန်မြို့မဈေးကြီး၌ အိုမီကရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်နိုင်ရေး  အသိပညာပေး ဆော်ဩရေး ​​ပြုလုပ်ဆောင်ရွက်
Mar 21,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ ဟိုပန်မြို့နယ်၊ မြို့မဈေးကြီး ၌ အိုမီကရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်း၌  ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို​ အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာ စောင်များ ဖြန့်ဝေ
Mar 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မတ်လ(၂၇)ရက်နေ့ တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့တွင်းလူစည်းကားသည့် နေရာနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် မုန်တိုင်းသတိ‌ပေးချက်များအား ပြည်သူများသိရှိ‌စေရန် လှည့်လည်နှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ယ‌နေ့မြန်မာစံတော်ချိန် (၀၇:၀၀)နာရီက ထုတ်ပြန်ထားသော မုန်တိုင်းသတိပေးချက်များကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူစည်ကားရာနေရာများ လမ်းဆုံလမ်းခွများ၊ ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ အငြိမ်းစား ဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အဆင်ပြေလွယ်ကူစွာ ဖြေဆိုနိုင်ရေးအတွက် လျှပ်စစ်ဝါယာကြိုး၊ မိန်းခုံများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အဆင်ပြေလွယ်ကူစွာ ဖြေဆိုနိုင်ရေးအတွက် လျှပ်စစ်ဝါယာကြိုးများ၊ မိန်းခုံများ စနစ်တကျ ရှိ / မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျသုံးစွဲရေး တောင်သူ ပညာပေး ဆွေးနွေးပွဲကျင်းပ
Mar 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေး တောင်သူပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။