မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုး

မြိတ်  မတ်  ၂၁

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အဖြစ် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော် ကို  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ စန္ဒဝတ်ကျေးရွာအုပ်စု ရွာသစ်ကြိုးဝိုင်းအကွက် အမှတ်(၁၉)တွင် ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့ပြီး ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်တွင် ဒီရေတောပျိုးပင် ဗြူးအုပ်ဆောင်း အပင်(၅၀၀)ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုးနှင့် ဦးသောင်းအေး၊ မြိတ်ခရိုင် ခရိုင်သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)