သတင်းများ

အောင်လံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စု၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ နွေရာသီကာလ ရောက်ရှိလာပြီဖြစ် သဖြင့် ကျေးလက်နေ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်အတွက် ယနေ့မနက်ပိုင်းက ဝမ်ဖွီးကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအတွင်းရှိ ကျေးရွာအုပ်စုခမ်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ကျေးသီးမြို့နယ်တွင် စည်ပင်သာယာစျေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်  စည်ပင်သာယာစျေးရှိ စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ရေး မီးသတ်တပ်ဖွဲ့ဝင် အင်အားတပ်စုတစ်စုစာကို ထန်းတပင်မြို့နယ်တွင် အသင့်စုဖွဲ့ထားရှိ
Mar 21,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက် လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစု စောင့်ရှောက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်သန္ဓေနှင့် အရန်မီးသတ် အင်အားတပ်စုတစ်စုစာကို ထန်းတပင်မြို့နယ်တွင် အသင့်စုဖွဲ့စည်းထားရှိပြီးအချိန်နှင့် တပြေးညီ ချက်ချင်းထွက်ခွာနိုင်အောင် လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှသိရသည်။
ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က (Woman Club)နှင့် (Youth Club) အဖွဲ့တို့ပူးပေါင်း၍ ခင်စောတင့် ဘာသာပြန်ဆိုရေးသားသည့် ခက်ခဲကျပ်တည်းသော အချိန်မှာ စိတ်ချမ်းမြေ့စရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၉၆)ဦး  စာရင်းပေးသွင်း
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၉၆)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး (Covishield) ထိုးနှံပြီး ၆ လပြည့်သူများကို Booster Dose ထိုးနှံပေး
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က OSS(One Stop Shop) ပြည်သူ့ဝန်ဆောင်မှုရုံး၌ (Covishield) ထိုးနှံပြီး ၆ လပြည့်ပြီးသူများကို Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နှိုးဆော်ကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်မီးသတ် ဦးစီးဌာနက ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တန်းရပ်ကွက်၊ မုပွန်ရပ်ကွက်၊ ချောင်းဆုံတံတားအောက်၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဘိုဘို၀င်းအဖွဲ့၊ ရွှေတောင်အဖွဲ့နှင့် မြိုင်သာယာအဖွဲ့ အဖွဲ့သုံးဖွဲ့ ဖွဲ့စည်း၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။