ဒက္ခိဏသီရိ မတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ ပါဝင်ကူညီ၊ တပ်မတော်၏အစဉ်အလာ ကောင်း(၁၂)ရပ်၊ တပ်မတော်အင်အား ရှိမှ တိုင်းပြည်အင်အားရှိမည်၊ နွေအလှကဗျာ၊ တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် စသည့်ခေါင်းစဉ်များပါဝင်ပြီး အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)