သတင်းများ

လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ အစေးလှီးရော်ဘာပြားထုတ်လုပ်ခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်လျက်ရှိ
Mar 21,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပြန်လည်စတင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်း၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron)နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
ပြန်ကြားရေးဝန်ကြီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron)နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး အတွက် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး
Mar 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၁ဝ နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂)ရပ်ကွက် တွင် ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Mar 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေပြီး Hand Speaker ဖြင့်လိုက်လံကြေညာ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များလိုက်လံဖြန့်ဝေပြီး Hand Speaker ဖြင့် လိုက်လံကြေညာခြင်းကို မတ်လ ၂၁ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းဆောင်ရွက်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနသည် တပ်ဖွဲ့ဝင်များဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်​ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများပျော်ရွှင်စရာ အစီအစဉ်များ ကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(​တောင်ပိုင်း)ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ အဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ် ၂၁ ရက် မနက်ပိုင်းက (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို အဖြစ်က​လေးများအားပုံပြင်​ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများ ပျော်ရွှင်စရာအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲရ၊ နံကပ်စာစောင်ပြပွဲနှင့် စကားပုံ ဆက်ပြိုင်ပွဲကျင်းပ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇) ဆနှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲက ယနေ့နနံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်​သည်။